How to trade NFP? NFP မှာ ဘလို Trade ကြမလဲ?


NFP ဆိုတာ ဘလိုသတင်းလဲဆိုတာ Trader တိုင်း အကုန်သိပြီးသားနေမှာပါ.... များသောအားဖြင့် Data Result မပေါ်ခင်မှာတင် ဈေးခါပြီးတော့ Result ထွက်တဲ့အခါမှာ လိုက်လို့ မမှီတော့တာတွေလည်း ခဏခဏကြုံဖူးကြမှာပါ... ဒါဆို ဘလို Trade ကြမလဲ... 


ဘယ်လို Trade မလဲဆိုရင် Risk ယူပြီး သတင်းမထွက်ခင် Entry ကြိုဝင်ထားမှာပါ... Whattt??? ဘလိုကြီးလဲ... ဟုတ်ပါတယ်... သတင်း Result မထွက်ခင်မှာ Entry ဝင်ပြီး သတင်းထွက်တာနဲ့ TP/SL တန်းထိတာမျိုးပါ... ဒါဆို Gambling ဆန်ဆန်ကြီး ဖြစ်နေမှာပေါ့? လုံးဝမဟုတ်ပါဖူးနော်... ဘာလို့လဲဆိုတော့ Entry မဝင်ခင် Analysis ကြိုလုပ်ရမှာမလို့ပါ... ဟုတ်ပီ... အဲ့တော့ ဘယ်လို Analysis လုပ်ကြမလဲ...


ပထမဆုံး အနေနဲ့ ကျနော်တို့ စစ်ရမှာ DXY (Dollar Index) ပါ... NFP ဆိုတာ US နိုင်ငံက သတင်းဖြစ်တဲ့အတွက် DXY ကို အဓိက လှုပ်ခပ်စေတာပါ... DXY နဲ့ Gold ဟာ Negative Correlation မလို့ Gold ကို ပြန်ပြီး အလှုပ်အခတ်ဖြစ်စေခြင်းပဲဖြစ်ပါတယ်... ဆိုတော့ DXY က ဘာကို အရင် စစ်ရမလဲဆိုရင် DXY က Support or Resistant ဘယ်နားမှာရှိနေလဲ, Supply Zone or Demand Zone ဘယ်နားမှာ ရှိနေလဲဆိုတာကို အရင်စစ်ရပါမယ်... သတင်းထွက်ခါနီး ၅ မိနစ် အလိုလောက်ဆိုရင် ဈေးက သိသိသာသာ တစ်ဖက်ဖက်ကို ရောက်သွားတာကို တွေ့ရပါလိမ့်မယ်… သဘောကတော့ လက်ကြီးသမားတွေက သတင်းမထွက်ခင်မှာ ကြိုဆွဲတင် ဆွဲချလုပ်ထားတာပါ... 


ဥပမာ သတင်းက ဈေးကျမယ်ဆိုရင် သတင်းမထွက်ခင် ဆွဲတင်ထားတာမျိုး... သတင်းက ဈေးတက်မယ်ဆိုရင် သတင်းမထွက်က ဆွဲချထားတာမျိုးပေါ့... ဒါပေမယ့် သူတို့ ဆွဲတင်ဆွဲချလှုပ်တာက Volume မပါပဲ ဖြည်းဖြည်းစီ ရွေ့သွားတာမျိုးပဲဖြစ်ပါတယ်။ 


Dollar Index က တစ်ဖက်ဖက်ကို ရောက်နေပြီဆိုတာကို သတိထားမိပြီဆိုရင် ရွှေကို တစ်ချက်ပြန်ကြည့်ပါ... ရွှေမှာလည်း သူ့လိုပဲ... DXY နဲ့ဆန့်ကျင်ဘက် တစ်ဖက်ဖက်ကို ရောက်နေတာကို တွေ့ရပါလိမ့်မယ်... ဥပမာ DXY က Resistance မှာဆိုရင် ရွှေက Support ကို ရောက်နေတာမျိုးပါ...


အဲ့ဒါဆိုရင်တော့ စပီး Entry ဝင်လို့ရပါပြီ... SL/ Lot Size ကိုတော့ စနစ်တကျ ထားဖို့လိုပါတယ်... သတင်းထွက်တဲ့အချိန်မှာ Volatility တအားများတာမလို့ SL ကို အရင် Spike နဲ့ ထိပီးမှ TP စီကို သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်... 


အခုနည်းက ကျနော့် ကိုယ်ပိုင် Strategy တစ်ခုဖြစ်ပြီး... သတင်းအကြီးတွေထွက်တဲ့အချိန်တိုင်းမှာ အလုပ်ဖြစ်တဲ့အပြင် ကျနော့် အတွေ့အကြုံအရ 75% မှန်ကန်မှုရှိကြောင်း တွေ့ရှိရတာမလို့ ပြန်လည် Sharing လုပ်ပေးထားတာဖြစ်ပါတယ်။ 


100% မှန်ကန်တဲ့ Strategy ဆိုတာ မရှိတဲ့အတွက် လွဲမှားမှုတွေဖြစ်လာခဲ့ရင်လည်း အပစ်မတင်စေလိုပါဖူးခင်ဗျာ... ပြီးတော့ Demo နဲ့ အရင်စမ်းကြည့်ဖို့သာ အကြံပြုပါတယ် ခင်ဗျာ။