Forex Market Sessions


Forex Trading ပြုလုပ်ရာမှာ ၁ ရက်တာအတွင်း ဘယ်လိုအချိန်တွေမှာ အရောင်းအဝယ်လုပ်လို့ကောင်းသလဲ? ၁ပတ်တာအတွင်း ဘလိုရက်တွေမှာ အရောင်းအဝယ်လုပ်လို့ကောင်းသလဲ။


Ok… အချိန်မဆွဲပဲ လေ့လာကြည့်လိုက်ရအောင်...


Forex Market က ၁ ရက်မှာ ၂၄ နာရီ… ၁ပတ်မှာ ၅ ရက် အရောင်းအဝယ်လုပ်လို့ ရတဲ့ Market တစ်ခုဖြစ်ပါတယ်။ Financial Market ထဲမှာ အကြီးဆုံး Market တစ်ခုဆိုမမှားပါဖူး။ ဒါဆို ဒီ Market စျေးကွက်ရဲ့ Info တွေက ဘယ်ကနေလာလဲ?


ကမ္ဘာ့ဘဏ်ကြီး ၄ ခု ဖြစ်တဲ့ ‘Reserved Bank of Australia’, ‘Bank of Japan’, ‘Euro Central Bank’, ‘Federal Reserved Bank’ တို့ကနေ ငွေကြေး တန်ဖိုးတွေ၊ ဖွင့်စျေး ပိတ်စျေးတွေကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘဏ်တွေနဲ့ Link ချိတ်ထားပြီး ၂၄ နာရီ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ Forex Market ကို လည်ပတ်စေပါတယ်။


ကျနော်တို့ရဲ့ Forex Market ထဲမှာ စျေးတန်းငြိမ်တာ လှုပ်တာတွေကလည်း ဒီ ဘဏ်တွေရဲ့ အချိန်ပေါ်မှာမူတည်ပြီး Session အလိုက်ကွဲပြားသွားပါတယ်။

ဒီ Session တွေနဲ့ အချိန်တွေကို ဆက်လေ့လာကြည့်ရအောင်။ 


Reserved Bank of Australlia ဖွင့်ချိန်ကတော့ Sydney Session, Bank of Japan ဖွင့်ချိန်ကတော့ Tokyo Session, Euro Central Bank ဖွင့်ချိန်ကတော့ London Session နဲ့ Federal Reserved Bank ဖွင့်ချိန်ကိုတော့ NewYork Session လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။



Session တွေရဲ့ဖွင့်ချိန်များ (မြန်မာစံတော်ချိန်)


Sydney Session : 3:30AM - 12:30PM (GMT +6:30)

Tokyo Session  : 5:30AM - 2:30PM (GMT +6:30)

London Session : 1:30PM - 11:00PM (GMT +6:30)

New York Session : 6:30PM - 3:30AM (GMT +6:30)


Session အချိန်တွေကိုသိပြီဆိုတော့ တစ်ရက်တာအတွင်း ဘယ်အချိန်တွေမှာ အရောင်းအဝယ်လုပ်လို့ကောင်းလဲဆိုတာဆက်ပြီးလေ့လာကြည့်ရအောင်။

ဘယ်အချိန်တွေအရောင်းအဝယ်ကောင်းလဲဆိုတော့ Session နှစ်ခု Overlap ဖြစ်တဲ့အချိန်တွေပါ။ များသောအားဖြင့် EU Session တွေရဲ့ Overlap တွေမှာပိုပြီး အရောင်းအဝယ်လုပ်လို့ ကောင်းပါတယ်။



Session Overlap အချိန်များ


Tokyo Session & London Session Overlap - 1:30PM ~ 2:30PM (GMT +6:30)

ဒီ Session နှစ်ခု Overlap ဖြစ်ချိန်က Asia Session နဲ့ EU Session ဖြစ်နေတာမို့ အချိန် ၁ နာရီ ကြာမြင့်ပေမယ့် စျေးအလှုပ်အခတ် နည်းပါတယ်။

London Session & New York Session Overlap - 6:30PM ~ 10:30PM (GMT +6:30)

ဒီ Session နှစ်ခု Overlap ဖြစ်ချိန်က  ၄ နာရီကြာမြင့်ပြီး EU Session နှစ်ခု Overlap ဖြစ်တာမလို့ ဒီ Session နှစ်ခုထပ်ချိန်မှာတော့ အရောင်းအဝယ်လုပ်လို့ အကောင်းဆုံးဖြစ်ပြီးတော့ Profit အများကြီး ရယူနိုင်တဲ့ အချိန်ပဲဖြစ်ပါတယ်။


တစ်ရက်တာအတွင်းအရောင်းအဝယ်လုပ်လို့ကောင်းတဲ့အချိန်တွေကို သိပြီဆိုတော့ တစ်ပတ်တာအတွင်းအ​ရောင်းအဝယ်လုပ်လို့ကောင်းတဲ့ ရက်တွေကို ဆက်လက်လေ့လာကြည့်ရအောင်။


တစ်ပတ်တာအတွင်းရောင်းအဝယ်လုပ်လို့ကောင်းတဲ့ ရက်တွေကတော့ ကြားရက်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး တို့ပဲဖြစ်ပါတယ်။ သောကြာနေ့ကတော့ တစ်ပတ်တာရက်နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ ည ၁၀နာရီခွဲအချိန်ထိသာ စျေးလှုပ်လေ့ရှိပါတယ်။ တနင်္လာနေ့ကတော့ စျေးအငြိမ်သက်ဆုံးရက်ဖြစ်ပါတယ်။


ဒီလောက်ဆိုရင်တော့ Forex Market ထဲမှာ ဘယ်နေ့တွေ ဘယ်အချိန်တွေ အရောင်းအဝယ်ပြုလုပ်လို့ကောင်းတယ်ဆိုတာကို နာလည်ပြီလို့မျှော်လင့်ပါတယ်။