Things you should avoid in Forex Trading


ဒီစာကို ဖတ်နေတဲ့ သူတွေထဲမှာ Forex အကြောင်းကို သိထားပြီးသားသူတွေလည်းရှိသလို အခုမှ စတင်လေ့လာမယ့် သူတွေလည်းရှိကောင်းရှိပါမယ်။ ဒီ Content မှာဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ Forex Trading ပြုလုပ်ရာမှာ ဂရုပြုပီး ရှောင်သင့်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ Beginner အများစုအတွက်တော့ သေချာဂရုပြုဖတ်စေချင်ပါတယ်။ 


ဒါဆိုစလိုက်ရအောင်...



🔷ရှုံးနေရင် ဆက်မ Trade ပါနဲ့


အလုပ်တိုင်းမှာတော့ အရှုံးအမြတ်ရှိပါတယ်။ ဒါပေမယ့် Forex Trading ရဲ့ အရှုံးကျတော့ ကိုယ်မဆင်မခြင် လုပ်လိုက်မိတာနဲ့ Floating မိမယ်။ နီနေတာတွေ့တာနဲ့ ကိုယ့်မှာ Emotion ဝင်လာမယ်။ Order တွေကို ပိတ်မယ်။ အဲ့အခါ ရှုံးရော။ ပြီးတာနဲ့ ချက်ချင်း Order ပြန်ဝင်တယ်။ အဲ့မှာ ဝင်လိုက်တဲ့ Order ကျတော့ Panic Order ဖြစ်သွားပြီဗျ။ Panic Order ဆိုတည်းက Analysis အလုပ်ပဲ ပြာပြီး ဝင်လိုက်တာဆိုတော့ Win rate က နည်းသွားပြီ။ အဲ့ဒါကြောင့် အဲ့လို အခြေအနေမျိုးတွေမှာဆို ကိုယ့်အနေနဲ့​ Market ထဲက ထွက်ပြီး ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် သီချင်းနားထောင်တာဖြစ်ဖြစ် ပြောင်းလုပ်သင့်ပါတယ်။


🔷Stoploss မထားခြင်း

ကိုယ်က Entry ဝင်တော့မယ်ဆိုတာနဲ့ Entry Point, Exit Point ဆိုတာရှိရပါတယ်။ Beginner အများစုကတော့ အကောင့်ထဲပိုက်ဆံရောက်ပီဆိုတာနဲ့ Setup မရှိပဲကို ဝင်ချင်တော့တာပဲ... ကျနော် အပါအဝင်ပေါ့။ အဲ့လိုမျိုး Setup မရှိပဲ ဝင်တာကြောင့်... Exit Point ဆိုတာလည်း ရေရေရာရာမရှိပါဖူး... အဲ့မှာ ငါထိုင်ကြည့်နေတာပဲကွာ ဘာမှမဖြစ်ဖူးဆိုပြီး TP ပဲ ထားပြီး SL ကို မထားကြပါဖူး။ အဲ့အခါ Market က ကိုယ့် Order ရဲ့ ဆန့်ကျင်ဘက်ကို သွားတယ်... ပြန်လာမှာပါလေဆိုပြီး စောင့်နေတတ်ကြပါတယ်... ဟုတ်တယ်မလား... အဲ့လိုစောင့်နေရင်းနဲ့ပဲ Margin Call ထိသွားတဲ့ သူတွေလည်းရှိသလို ရှုံးသင့်တာထက် ပိုရှုံးသွားကြပါတယ်။ အဲ့ဒါကြောင့် Stoploss ဆိုတာကို မဖြစ်မနေထားသင့်ပါတယ်။


🔷အရှုံးကို Order ထပ်ထည့်ခြင်း

ကိုယ်က ဝယ်ပြီး ရှုံးနေတယ်ဆိုပါတော့... ရှုံးနေတာကို မြင်ပြီး ကိုယ်က Panic ဖြစ်သွားတာကြောင့် Market ကို သေချာ Analysis အလုပ်ပဲ Emotion နောက်လိုက်ပြီး ကျနေတဲ့ Market ရဲ့ အနိမ့်ပိုင်း အဝယ် Order ကိုထပ်ဝင်ပါတယ်... Martingale System လို့လည်းခေါ်ကြတယ်။ အဲ့လိုလုပ်ခြင်းက လုံးဝမှားတဲ့ လုပ်ရပ်ပါ။ ကိုယ့် Analysis အရ ပြန်တက်မှာ သေချာလို့ Martingale System ကို သုံးပြီး အနိမ့်ပိုင်းမှာ အဝယ် အော်ဒါထပ်ဖွင့်တာ မမှားပေမယ့် Emotion နောက်လိုက်ပီး ပြန်တက်မှာပါလေဆိုပြီး ကျလေဝယ်လေ တက်လေရောင်းလုပ်တာကတော့ လုံးဝမှားပါတယ်။ Beginner တွေနဲ့ ဒီ အချက်ကို လုံးဝရှောင်သင့်တဲ့ အချက်ပါ။


🔷ကိုယ် အရှုံးခံနိုင်တာထက် ပို Risk ယူခြင်း

Forex Trading လုပ်ရာမှာ ကိုယ့်ရဲ့ ငွေပိုကိုပဲ သုံးသင့်ပါတယ်။ ကိုယ့်မှာ ဒီငွေမရှိရင် အဆင်မပြေဖူးဆိုတဲ့ သူတွေအတွက် မလုပ်သင့်ပါတယ်။ ငွေပိုလို့ လုပ်တယ်ထားပါအုံး။ ဘယ်သူမှတော့ ဆုံးရှုံးခံချင်မှာမဟုတ်ပါဖူး။ ဒါပေမယ့်လည်း Greed ကို မထိန်းပဲ Lot size ကို အရမ်းတင်ကြပါတယ်။ မြတ်နေတုန်းတော့ အဆင်ပြေပေမယ့် ရှုံးသွားတဲ့အခါဆို....?

ဆိုတော့ သင့်အနေနဲ့ Order တစ်ကြောင်းဝင်ရင် ကိုယ့် Capital နဲ့ ညီမျှတဲ့ Lot Size ကိုသာ အသုံးပြုပြီးဝင်သင့်ပါတယ်။ သင့် Capital ရဲ့ 20% ကိုပဲ ပြန်ရတယ်ဆိုရင်တောင် သင့်ရဲ့ Trading ကတော်တော် ကောင်းနေပြီလို့ ယူဆလို့ရပါတယ်။


🔷Fundamental သတင်းတွေကို ကြိုတင်ခန့်မှန်းခြင်း

Fundamental သတင်းတွေမထွက်ခင် နာရီဝက်လောက်အလိုကို ဂရုစိုက်ကြည့်ပါ... Market က တစ်ဖက်ဖက်ကို အရင်ပြေးတာကို တွေ့ရပါတယ်။ သတင်းထွက်မှ သတင်းအရ ပြေးပါတယ်။ XAUUSD ကိုပဲ ကြည့်ရအောင်။ US သတင်းကောင်းတာထွက်မယ်ဆိုတော့။ သတင်းမထွက်ခင် စျေးက တက်နေတယ်။ အဲ့ဒါကို ကိုယ်က စျေးတက်နေလို့ သတင်းဆိုးတယ်ဆိုပြီး လိုက်ဝယ်တာမျိုး မလုပ်သင့်ပါဖူး။ သတင်းကောင်းထွက်လို့ စျေးကျတဲ့အခါ ကိုယ်က ခံရမှာပါ။ Theory အရ US Data ကောင်းရင် US Currency Strong မယ်။ ရွှေက ကျမယ်ဆိုပေမယ့်... Market ဆိုတာကျနော်တို့ ခန့်မှန်းလို့ရတဲ့ အမျိုးမဟုတ်ဖူးဗျ။ သွားချင်တဲဲ့ဘက်သွားတာ။ ဆိုတော့ ကျနော်တို့ အနေနဲ့ ဖြစ်နိုင်ရင် Fundamental Noise တွေကို ရှောင်ပီး Technical ကိုသာ ဦးစားပေး Trade သင့်ပါတယ်။ ဒါပေမယ့် Fundamental တွေကသာ Market Movement ဖြစ်စေတာမလို့ Fundamental နဲ့ Techinal ကို ပေါင်းစပ် အသုံးပြုဖို့ မှာကြားရင်း....


နောက် Content တွေမှာ ပြန်လည်ဆုံတွေ့ကြတာပေါ့.... 😉


Forex Market စိတ်ဝင်စားလို့... လေ့လာချင်တဲ့ သူတွေအတွက်လည်း သင်တန်းဖွင့်လှစ်ပေးလျက်ရှိပါတယ်။ Forex Market ကျနော်နဲ့လက်တွဲပြီး အရောင်းအဝယ်လုပ်လို သူများအတွက်လည်း 24/5 Consultant ကို Free of charge နဲ့ ဝန်ဆောင်မှုပေးနေပါတယ်ဗျ။ 


Phone Myat - Your Trusted Trading Partner

09689094949