The characteristics of successful trader


ကိုယ်က Trading စလုပ်တော့မယ်ဆိုတည်းက သင်တန်းတွေတက်မယ်... စာအုပ်တွေလေ့လာမယ်... Youtube တွေကြည့်မယ် နေရာမျိုးစုံကနေ ပုံစံမျိုးစုံကနေလေ့လာကြမှာပါ... ဒါပေမယ့် ဒါတွေအကုန်လေ့လာပြီးသည့်တိုင်အောင် ကိုယ်က Succeessful Trader တစ်ယောက်ဖြစ်လာမှာမဟုတ်ပါဖူး... 


ဒါဆိုရင် Successful Trader တစ်ယောက်ဖြစ်အောင် ဘာတွေလုပ်ရမလဲ... Successful Trader တွေက ဘာတွေလုပ်ကြလဲဆိုတာကို လေ့လာကြည့်ရအောင်..


🔷Sticking To The Plan

ကိုယ်က Order တစ်ကြောင်းဝင်တော့မယ်ဆိုရင် Plan တစ်ခုရှိရပါမယ်။ စျေးကျလို့ရောင်းပြီး စျေးတက်လို့ဝယ်မယ်ဆိုရင် အဲ့ဒါက Trading မဟုတ်ပါဖူး... အဲ့ဒါက Gambling ဖြစ်သွားပါပြီ။ Successful Trader တွေမှာ ဘာကြောင့် ဒီ Trade ကိုဝယ်တယ်တယ်ဆိုပြီး Plan ရှိပါတယ်။ ဝင်ပီးရင်လည်း မိမိတို့သတ်မှတ်ထားတဲ့ Plan အတိုင်းသွားပါတယ်။ Trade ကို ကောင်းစွာ Management လုပ်နိုင်ကြပါတယ်။ မလိုအပ်ပဲလည်း SL ကို မရွှေ့သလို Trailing Stop Loss လုပ်တာတို့ Breakeven လုပ်တာတို့ကို လုပ်ဆောင်ကြပါတယ်။


🔷Neglect the Emotion

Trader တွေကြားထဲမှာကြားကြားနေရစကားတစ်ခွန်းရှိပါတယ်။ Demo မှာကျတော့မြတ်ပြီး Real မှာကျတော့ ရှုံးတယ်ဆိုတာပါ။ အဲ့ဒါဘာကြောင့်လဲဆိုရင် Emotion ကြောင့်ပါ။ အဲ့ Emotion က ဘာကြောင့်ဖြစ်ပေါ်လာရလဲဆို ကိုယ့်မှာ ကိုယ်ပိုင် Trading System တစ်ခုမရှိလို့ပါ။ Trading System တစ်ခုကို တည်ဆောက်ပီး Demo နဲ့ အနည်းဆုံး ၃ လလေ့ကျင့်ပြီးမှ Real ကို Trade ကြည့်ပါ။ Emotion ကို ဖယ်ထားလိုက်ရင် Profit ထွက်ပါလိမ့်မယ်။ Successful Trader တွေက ကိုယ်ပိုင် Plan တစ်ခုကိုတည်ဆောက်ပီး စနစ်တကျသွားမလို့ သူတို့မှာ Emotion ဆိုတာ မရှိပါဖူး။


🔷Realistic Expectations

ဒီတစ်ချက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာက Realistic ဖြစ်နေရပါမယ်။ သူ့အိုးနဲ့ သူဆန် တန်ရုံပဲကောင်းမယ် ဆိုသလိုပေါ့။ ကျွန်တော်တို့က $200 လောက်ရင်းပီး Trade တစ်ခုကို $1000 Profit လိုချင်လို့မရပါဖူး။ ဒီ Content ကိုရေးနေတဲ့ ကျနော် Phone Myat ကိုယ်တိုင် တစ်ချိန်က Expectations တွေက Realistic မဖြစ်ခဲ့ပါဖူး။ ကျနော်တို့အနေနဲ့ Profit များများလိုချင်ရင် ကိုယ့်ရဲ့ Capital ကများများရှိနေဖို့လိုပါတယ်။ Successful Trader မှာ Realistic မဖြစ်တဲ့ Exception တွေမရှိပါဖူး။


🔷​Disciplin 

အားလုံးထဲမှာ ဒီအချက်ကတော့ အရေးကြီးဆုံးပါ။ Trading လုပ်တဲ့ နေရာမှာလည်း စည်းကမ်းရှိဖို့လိုအပ်ပါတယ်။ အပေါ်က ၃ ချက် ကို လိုက်နာနေသည့်တိုင်​အောင် Disciplin မရှိရင် အပေါ်က ၃ ချက်က အလိုလိုပျက်ပြီးသားပါ။ သင်က Trading Plan တစ်ခုရှိတယ်ဆိုပါတယ်။ သင်က သင့် Syetem အတိုင်းဝင်မယ်တွေးထားပေမယ့် တစ်ယောက်ယောက်က Signal ပေးလိုက်လို့ သင်က အဲ့အတိုင်းလိုက်ဝင်ပြီဆိုပါတော့။ အဲ့အခါ Market ကလည်း Opposite Direction စသွားတယ်။ အဲ့လိုမျိုးဆို Emotion ဆိုတာက ဝင်လာမှာပါ။ တစ်ရက်တည်းမှာ $1000 ရှုံးသွားတယ်။ Panic ဖြစ်နေပြီမို့ အဲ့ $1000 ကို အဲ့တစ်ရက်တည်းမှာ ပြန်ရှာဖို့ဆိုတာ မလွယ်ပါဖူး။ အဲ့ဒါကို Panic Order တွေဆက်ဝင်မယ်ဆိုရင် Margin Call ထိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ Successful Trader တွေအနေနဲ့ Disciplin နဲ့ပဲ မိမိတို့ Order ကို Entry ဝင်ကြပါတယ်။


ဒါကြောင့် ဒီအချက်တွေကို ကျင့်သုံးပြီး Trading လောကထဲမှာ ကျင်လည်မယ်ဆိုရင် သင်က Successful Trader တစ်ယောက်ဖြစ်လာမှာပါ။ 


နောက် Content တွေမှာ ပြန်လည်ဆုံတွေ့ကြတာပေါ့။ 😉