ကျနော်ပြောပြမယ့် Indicator အကြောင်း
ဒီနေ့မှာတော့ Your Trusted Trading Partner ကနေပြီးတော့ Indicator ဆိုတာဘယ်လိုမျိုးလဲ... ဘယ်လို Indicator တွေကို အသုံးပြုသင့်လဲဆိုတာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
Indicator ဆိုတာကတော့ Trader တွေ အရောင်းအဝယ်လုပ်တဲ့အခါမှာ အဆင်ပြေစေဖို့အတွက် Timeframe တွေ, Price Action တွေ ကို အခြေခံပြီးတော့ရေးဆွဲဖန်တီးထားတဲ့ Tools တွေပဲဖြစ်ပါတယ်။
Trader တွေအနေနဲ့ အရောင်းအဝယ်လုပ်တဲ့အခါမှာ တခါတရံမှာ စျေးကွက်ထဲ သတိလက်လွတ်နဲ့ ဂရုမပြုမိတဲ့အရာတွေကို လွယ်လွယ်ကူကူ မြင်နိုင်အောင် ကူညီပေးပါတယ်။
Trader တွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ Analysis တွေ, Strategy တွေနဲ့ စျေးကွက်ကို ချဉ်းကပ်ကြပါတယ်။ အဲ့လိုချဉ်ကပ်ကြတဲ့ အခါမှာလည်း Strategy တွေမှာ အားနည်းချက် အားသာချက်တွေ ကွဲပြားခြားနားကြပါတယ်။
အဲ့လိုပါပဲ Indicator တွေဆိုတာလည်း စျေးကွက်ကို ချဉ်းကပ်တဲ့ အခါမှာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့ အတွက် Indicator တွေမှာလည်း အားနည်းချက် အားသာချက်တွေရှိကြပါတယ်။
Indicator လို့ပြောလိုက်လို့ရှိရင် စျေးကွက်ထဲမှာ Indicator ပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် Indicator အားလုံးကို ခြုံငုံပြီး လေ့လာမယ်ဆိုရင်တော့ Indicator အမျိုးအစား ၂ မျိုးသာရှိပါတယ်။ အဲ့ဒါကတော့ Leading Indicator နဲ့ Lagging Indictor ပဲဖြစ်ကြပါတယ်။
🔹 Leading Indicator 🔹
Leading Indicator ဆိုတာကတော့ စျေးကွက်ထဲမှာ Trend အသစ်တစ်ခုစတော့မှာလား၊ ဒါမှမဟုတ် စျေးကွက်လားရာ ပြောင်းလဲမှုတစ်စုံတစ်ခု ဖြစ်တော့မှာလား အစရှိတဲ့ စျေးကွက်ထဲမှာ မကြားခင် ဖြစ်ပေါ်မှာလာတော့မယ့် ပြောင်းလဲမှုတွေကို Trader တွေအတွက် ကြိုတင်ပြောပြပြီး Entry ရှာနိုင်အောင် ကူညီပေးပါတယ်။ ဥပမာ RSI က Oversold Level တစ်ခုကို ရောက်နေပြီဆိုရင်ဖြစ်ဖြစ် Divergence ဖြစ်ပေါ်နေပြီဆိုရင်ဖြစ်ဖြစ် Signal ပြတဲ့ အခါ Trader တွေအနေနဲ့ အနီးစပ်ဆုံး Key Resistance Level တစ်ခုကနေ အရောင်းဝင်ဖို့ ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်၊။ အားနည်းချက်အနေနဲ့ကတော့ တစ်ခါတစ်လေမှာ False Siganl ပြပြီး Trend အတိုင်း စျေးကွက်ကဆက်သွားတာမျိုး ရှိတတ်ပါတယ်။ ဒီလိုဆိုရင်တော့ Trader အများအနေနဲ့ SL နဲ့ရင်ဆိုင်ရတာဖြစ်ဖြစ်၊ စျေးကွက်ထဲကနေ Loss နဲ့ ထွက်တာမျိုးဖြစ်ဖြစ်လုပ်ရပါတယ်။
MetaTrader ထဲမှာဆိုရင် Leading Indicator တွေကို Oscillator အမျိုးအစားထဲမှာတွေ့ရတတ်ပါတယ်။
RSI, MACD, Awesome Oscillator, Stochastic အစရှိတဲ့ Indicator တွေကတော့ Leading Indicator အမျိုးအစားတွေပဲဖြစ်ပါတယ်။
🔹 Lagging Indicator 🔹
Lagging Indicator ဆိုတာကတော့ နားမည်အတိုင်းစျေးကွက်ထဲမှာ ပြောင်းလဲပြီးမှ ဖော်ပြပေးတာဖြစ်တဲ့အတွက် Leading Indicator နဲ့ ယှဉ်ရင်တော့ နောက်ကျတတ်ပါတယ်။ Lagging Indicator တွေကိုတော့ စျေးကွက်လားရာကို စစ်ဆေးတဲ့အခါ၊ စျေးကွက်လားရာပြောင်းလဲသွားတဲ့အတွက် ဝင်ထားတဲ့ Entry များကို Exit လုပ်ဖို့ ပြင်ဆင်တဲ့အခါမှာ အများစုအသုံးပြုကြပါတယ်။ တစ်ခါတစ်လေမှာလည်း Entry ဝင်တဲ့အခါမှာအသုံးပြုကြပါတယ်။ စျေးကွက်ထဲမှာပြောင်းလာမှု တစ်စုံတစ်ရာဖြစ်ပြီးမှ ဖော်ပြပေးတဲ့ Indicator ဖြစ်တဲ့အတွက်ကြောင့်မလို့ False Signal တွေ နည်းပါးတာက သူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ်။ အားနည်းချက်ကတော့ နောက်ကျပြီးမှ Signal ရရှိခြင်းပဲဖြစ်ပါတယ်။
Moving Average တို့ Bollinger Bands တို့ဆိုတာက Lagging Indicator အမျိုးအစားများပဲဖြစ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Indicator တွေကဆိုတာ Trader များအတွက် စျေးကွက်ခန့်မှန်းတဲ့ အခါမှာ အထောက်အကူ အများကြီးဖြစ်စေတဲ့ Tools တွေပဲဖြစ်ပါတယ်။ တစ်ခုဂရုစိုက်ရမှာက Indicator ဆိုတာ စျေးကွက်ကို အခြေခံတွက်ချက်ပြီး ရေးဆွဲထားတဲ့ Tools များဖြစ်တဲ့အတွက် Trader များအနေနဲ့ Indicator သီးသန့်အသုံးပြုလို့မရပါဖူး။
Trend, S&R တို့နဲ့ ပေါင်းစပ်ပြီး မိမိတို့ရဲ့ Trading Plan, Risk Management အတိုင်း အရောင်းအဝယ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Beginner အများစုက မိမိတို့ရဲ့ Chart ထဲမှာ Indicator တွေအများအပြားကို Candlestick တွေ S/R Level တွေ မမြင်ရလောက်တော့တဲ့ ထည့်ထားတတ်ပါတယ်။ ဒါဟာလည်း လွဲမှားတဲ့ အပြုအမူ တစ်ခုဆိုတာကို ဂရုပြုရမှာပဲဖြစ်ပါတယ်။
အခုမှ စတင်လေ့လာနေတဲ့သူများအနေနဲ့ Lagging Indicator တစ်ခု Leading Indicator တစ်ခု ထည့်သွင်းပေါင်းစပ်ပြီး လေ့ကျင့်မှုပြုလုပ်တာက အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုလိုက်ပါတယ်။
နောက် Content များမှာ ပြန်လည်ဆုံတွေ့ကြတာပေါ့... 😉